ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၇

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Ms. Pramila Patten အား ယနေ့နံနက် ၁၁ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံး တို့အကြား လက်မှတ်ရေးထိုးထားသော ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) အကောင်အထည်ဖော်ရေးကိစ္စနှင့် ယင်းသို့ အကောင်အထည်ဖော်ရာတွင် စွမ်းရည် မြှင့်တင်ရန်အတွက် နည်းပညာအကူအညီများ ကုလသမဂ္ဂမှပေးအပ်ရေးကိစ္စ အပေါ် နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကုလသမဂ္ဂယာယီဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်း ရေးမှူး Mr. Knut Ostby တို့ တက်ရောက်ကြသည်။

Similar News