နေပြည်တော် ဇူလိုင် ၁၈
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ကိုရီးယား သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ နိုင်ငံရေးရာ ဒုတိယဝန်ကြီး H.E Mr. Yoon Soon-gu ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။