ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့အား သီးခြားစီတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၈

နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်လျက်ရှိသော နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ Mr. Pham Binh Minh နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mr. Don Pramudwinai တို့အား စက်တင်ဘာ ၂၇ ရက်တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးနှစ်ဦးအား ရခိုင်ပြည်နယ်၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားခဲ့သည်။

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးများက နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက် ရေးကိစ္စများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအစည်းအဝေးများတွင် အပြန်အလှန် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ ကြသည်။

 

Similar News