နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော် သြဂုတ် ၂၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့ဝင်များအား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မစ္စတာ ကိုဖီအာနန် က အကြံပေးကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ပေးအပ်ပြီး အစီရင်ခံစာပါ ကော်မရှင်၏သုံးသပ်တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း ပြောကြားပြီး အစီရင်ခံစာပါ အကြံပြုချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးသည်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဦးခင်မောင်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

Similar News