နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဌာနဝန်ကြီး မစ္စတာဆုန့်ထောင်း နှင့် တွေ့ဆုံ

နေပြည်တော်၊ ဩဂုတ် ၂၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ပိုင်းတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဌာနဝန်ကြီး မစ္စတာ ဆုန့်ထောင်း အား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မစ္စတာဆုန့်ထောင်းတို့သည် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် လာမည့်နှစ်နိုင်ငံသံတမန်ဆက်သွယ်မှု နှစ် ၇၀ ပြည့် အခါသမယတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ယခုထက်ပိုမိုမြင့်တင်ရန် နှစ်နိုင်ငံလုံးက ဆန္ဒရှိကြောင်းကိုလည်း ထပ်လောင်းအတည်ပြု ပြောကြား ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် မစ္စတာဆုန့်ထောင်းက ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

Similar News