ချင်းတွင်းတံတား(ဟုမ္မလင်း) ဖွင့်ပွဲအခမ်းအနား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် ဖွင့်လှစ်

ဟုမ္မလင်း   ဇန်နဝါရီ    ၁၄

ဆောက်လုပ်ရေးဝန်ကြီးဌာန  တံတားဦးစီးဌာနမှ  တာဝန်ယူတည်ဆောက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်  တမူး-အောင်ဇေယျ-ကက်သာ-ဟုမ္မလင်း လမ်းပေါ်ရှိ ချင်းတွင်းတံတား (ဟုမ္မလင်း)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀  နာရီခွဲက အဆိုပါတံတားပေါ် တွင် ကျင်းပရာ    နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ   တက်ရောက် ဖွင့်လှစ်ပေးသည်။

ချင်းတွင်းတံတား (ဟုမ္မလင်း) ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးကြည်မင်း၊  ဆောက်လုပ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး    ဦးကျော်လင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးလှမော်ဦး၊ တိုင်းဒေသ ကြီး ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊  ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်  ဒေသခံပြည်သူများ  တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက  အဖွင့်အမှာစကား ပြောကြားရာတွင်  ယနေ့သည်  စစ်ကိုင်းတိုင်း ဒေသကြီး  ဟုမ္မလင်းမြို့နယ် တမူး-အောင်ဇေယျ-ကက်သာ-ဟုမ္မလင်းလမ်းပေါ်ရှိ      ချင်းတွင်းတံတား (ဟုမ္မလင်း) ဖွင့်လှစ်သောနေ့ဖြစ်သဖြင့် စစ်ကိုင်း တိုင်းဒေသကြီးအတွက်  ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေ့တစ်နေ့ ဖြစ်ပါကြောင်း၊ချင်းတွင်းတံတား (ဟုမ္မလင်း) ဖွင့်လှစ်နိုင်ခဲ့၍  ဒေသခံများ နှင့်ထပ်တူ    ဝမ်းသာကြည်နူးရပါသည်ဟု ပဏာမ ပြောကြား လိုပါကြောင်း၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့်    မိမိတို့အစိုးရ အဖွဲ့၏ သက်တမ်းနှစ်နှစ်နှင့်  ၁၀ လခန့်  ရှိပြီဖြစ်ပါကြောင်း၊ဤကာလအတွင်း ပြည်ထောင်စ သမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်း ဝေးလံခေါင်ဖျားသည့် ဒေသများပါမကျန်   ဒေသ အားလုံး ဟန်ချက်ညီညီ    အဘက်ဘက်က  ဖွံ့ဖြိုးတိုးတက်စေရန်  ကြိုးပမ်းဆောင်ရွက်ခဲ့ ပါ ကြောင်း ပြည်ထောင်စုကြီး အတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံး အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊   ပြည်နယ်အစိုးရအဖွဲ့တို့ ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ လမ်း၊ တံတား၊ လျှပ်စစ်မီး စသည့်   အခြေခံအဆောက်အအုံပိုင်း   တိုးတက်ကောင်းမွန်လာသည် နှင့်အမျှ တိုင်း ဒေသကြီး၊  ပြည်နယ်အသီးသီးတွင် နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ကျန်းမာရေးတို့မှာလည်း အဆင့်အတန်း မြင့်မားလာမည် ဖြစ်ပါကြောင်း။

တံတား ၄၀ဝ ကျော် တည်ဆောက်ရန် စီစဉ်ထား

နိုင်ငံတော်သမ္မတက  မြန်မာ့ရိုးရာ နှစ်သစ်ကူးအခါသမယတွင် ပြောကြားခဲ့သည့်  နှစ်သစ်ကူး နှုတ်ခွန်း ဆက်စကား၌ အခြေခံအဆောက်အအုံပိုင်း   တိုးတက် ရေးအတွက်  လျှပ်စစ်ဓာတ်အားရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး    တိုးတက်ရေးတို့ကို ဆောင်ရွက် မည့် လျာထားချက်များကို    ထည့်သွင်း ပြောကြားခဲ့ ပါကြောင်း၊ ပြီးခဲ့သည့်နှစ် အောက်တို ဘာလ အတွင်း ဧရာဝတီတိုင်းဒေသကြီး  ရွှေသောင် ယံ မြို့တွင်   ကျင်းပခဲ့သည့်   ရွှေသောင်ယံတံတား(မကျီးချောင်း) ဖွင့်ပွဲအခမ်းအနားတွင်လည်း အစိုးရ၏ လက်ကျန် သက်တမ်းအတွင်း ဒေသအလိုက် လိုအပ်နေသည့် တံတားအစင်းပေါင်း  ၄၀ဝ  ကျော်  ပြီးစီးအောင် တည်ဆောက်သွားရန် စီစဉ်ထား သည်ဟု ပြောကြားခဲ့ပါကြောင်း။

ထို့ပြင် မိမိတို့နိုင်ငံတော်ကြီးကို “ငြိမ်းချမ်း၍ သာယာဝပြောသော ဒီမိုကရေစီ မြန်မာနိုင်ငံ အဖြစ် ဖြစ်ပေါ်လာရေးကိုဦးတည်ပြီး မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး၏စီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan - MSDP) (2018 - 2030) ကိုလည်း ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ယင်းMSDPစီမံကိန်း တွင်    ပါရှိသော     သာယာဝ ပြောမှု နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုသည့်   မဏ္ဍိုင် (၂)၊ ပန်းတိုင်(၃)၏   မဟာ ဗျူဟာ (၇) ရပ်ထဲတွင်လည်း  “စဉ်ဆက်မပြတ် ဖွံ့ ဖြိုးမှုနှင့်  စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို    ပံ့ပိုးပေးမည့် ဦးစားပေးအခြေခံ အဆောက်အအုံများတည်ဆောက်ရေးဆိုသည့်   လုပ်ငန်းစဉ် လည်း  တစ်ခု အပါအဝင် ဖြစ်ပါကြောင်း။

လမ်းကွန်ရက်များ ဖောက်လုပ်ပေးခဲ့

စစ်ကိုင်းတိုင်းဒေသကြီးသည် ဧရိယာကျယ်ဝန်းပြီး အထူးသဖြင့် အထက် ချင်းတွင်း ဒေသသည်ခေတ်အဆက်ဆက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များကြောင့်  ခေတ် နောက်ကျကျန်ပြီး  ခန္တီးဒေသသည် ဖွံ့ဖြိုးမှုနည်းပါးခဲ့ပါကြောင်း၊ ဒေသအတွင်း နေထိုင် ကြရသည့် တိုင်းရင်းသားများ၏    လူမှုဘဝ များသည်လည်း မြင့်သင့်သလောက်မမြင့်ဘဲ နိမ့်ကျနေဆဲ ဖြစ်ပါကြောင်း၊  ထို့ကြောင့်  ဒေသဖွံ့ ဖြိုး တိုးတက်လာရန်    အခြေခံ လိုအပ်ချက် တစ်ခုဖြစ်သည့် လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်လာ အောင်  ဦးစားပေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သဘာဝ အတားအဆီးများကို ကျော်လွှား နိုင် အောင်   လိုအပ်သည့်နေရာများတွင် တံတားများတည်ဆောက်ပေးခြင်းနှင့် လမ်းများကို လည်း  ရာသီမရွေး သွားလာနိုင်အောင် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လမ်းပန်း ဆက်သွယ် ရေးအနေဖြင့် ချင်းတွင်းမြစ်ကြောင်းနှင့်သာမက ကုန်းလမ်းခရီးနှင့်  မြန်မာနိုင်ငံအလယ်ပိုင်း အထိ လွယ်လင့်တကူသွားလာနိုင်စေရန် လမ်းကွန်ရက်များ ဖောက်လုပ်ပေးခဲ့ပါကြောင်း၊ လမ်းများ၊  တံတားများ   ကောင်းမွန်ပြီး ဆက်သွယ်မှု အဆင်ပြေ ချောမွေ့မှသာ ပြည်သူများအကြားလွယ်လင့်တကူ ကူးလူး ဆက်သွယ်သွားလာနိုင်ပြီး  လူမှု စီးပွားဘဝပိုမိုဖွံ့ ဖြိုးတိုးတက်လာနိုင်သလို  ချစ်ကြည် ရင်းနှီးမှု  ပိုမိုရရှိနိုင် မည်လည်း ဖြစ်ပါကြောင်း။

ယနေ့ဖွင့်လှစ်လိုက်သည့် ချင်းတွင်းတံတား(ဟုမ္မလင်း)သည်  တမူး-အောင်ဇေယျ-ကက်သာ - ဟုမ္မ လင်းလမ်း ပေါ်တွင်တည်ရှိပြီး စုစုပေါင်းတံတား ပေအရှည်   ၂၇၆၂  ပေ ရှိသည့်   သံကူကွန်ကရစ်တံတားဖြစ်ပါကြောင်း၊ဤ တံတားဖွင့်လှစ်လိုက်နိုင်သည့် အတွက် ဟုမ္မလင်းမှတစ်ဆင့်        အိန္ဒိယ နယ်စပ် အထိပါ      တစ်ဆက်တည်း သွားလာ နိုင်တော့မည်ဖြစ်၍ စစ်ကိ်ုင်းတိုင်းဒေသကြီး အထက်ပိုင်း ခန္တီးဒေသ  နေတိုင်းရင်း သား များအတွက်  အလွန်အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံတော်အစိုးရသစ်အနေဖြင့်ပထမတစ်နှစ်တာအတွင်းပြောင်းလဲချိန်တန်ပြီဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံဖွံ့ ဖြိုးရေး နှင့်   ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး အလုပ်အကိုင်ဖန်တီးရေး၊        လမ်းပန်းဆက်သွယ်ရေးနှင့်  လျှပ်စစ်မီး ရရှိရေး ကို အဓိက ထား  လုပ်ဆောင်ခဲ့ပါ ကြောင်း၊

ဒုတိယတစ်နှစ်တာတွင် “ပြည်သူနဲ့အတူဆိုသည့်ဆောင်ပုဒ်အတိုင်း    နိုင်ငံတော် ရေးရာ  ကိစ္စရပ်များကို  ပြည်သူများနှင့်အတူ    ပူးပေါင်းတာဝန်ယူ ဆောင် ရွက်ခဲ့ ပြီး တတိယတစ်နှစ်တာအတွင်း “စုပေါင်း အင်အား ဆောင်ပုဒ်အတိုင်း   တစ်စုတစ်စည်း တည်း ရပ်တည်နိုင်မှု၊ ပူးပေါင်း ဆောင်ရွက်နိုင်မှု စသည့် စုပေါင်းအင်အား ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။

အောင်မြင်မှု မုချရရှိမည်

ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူများကလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန်      တိုက်တွန်းလိုပါ ကြောင်း၊    ခေတ်ဟောင်းစနစ်ဟောင်း တစ်ခုမှ ခေတ်သစ်စနစ်သစ်သို့ ပြောင်းလဲရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများစွာ ကြုံတွေ့ရ မည်ဖြစ်ပါကြောင်း၊  သို့ရာတွင် ဒီမိုကရေစီ  ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်း မှုရရှိရေး လုပ်ငန်းစဉ်များမှ ပြည်သူများ အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြ မည်ဆိုပါက အောင်မြင်မှု မုချရရှိမည်ဟု ယုံကြည်ပါကြောင်း။

အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာ

နိုင်ငံတော်အစိုးရအနေဖြင့်  နိုင်ငံတော်၏    အမျိုးသားအကျိုးစီးပွားများ တည်တံ့ခိုင်မြဲ တိုးတက်လာ စေရန် မပြတ်သောသတိ ၊ မလျှော့သော ဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး   ယခု နှစ်သစ် အခါသမယမှစ၍ နောင်လာမည့် နှစ်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများတွင်  အခွင့်အလမ်းကောင်းများ ပိုမိုရရှိ လာအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ယခုလို ဆောင်ရွက်သည့် နေရာတွင်ရရှိလာ သည့်အခွင့် အလမ်းကောင်းများကို ပိုင်ပိုင် နိုင်နိုင်  ဖမ်းဆုပ်နိုင်ရန်    ကြိုးစားမည် ဖြစ်သလိုကြုံတွေ့ လာမည့်စိန်ခေါ်မှုများကိုလည်း ပြည်သူနှင့်အတူ စုပေါင်းအင်အားဖြင့် ကျော်လွှား သွားမည် ဆိုသည့်အကြောင်း   ပြောကြားလို ပါကြောင်း။

ပိုမိုပူးပေါင်းဆောင်ရွက်

နိဂုံးချုပ်အနေဖြင့်   မိမိတို့နိုင်ငံ၏ အနာဂတ်  ငြိမ်းချမ်းသာယာအောင်၊ နိုင်ငံသူ   နိုင်ငံသားများ၏ ဘဝ  ချမ်းမြေ့ပျော်ရွှင်အောင်နိုင်ငံတော်အစိုးရ နေဖြင့် ချမှတ်ထားသည့် ရည်မှန်းချက်၊ ဦးတည်ချက်များကို ကြိုးပမ်းပုံဖော် သွားမည်ဖြစ်ပါကြောင်းနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ၊ နိုင်ငံသူ  နိုင်ငံသား များကလည်း နိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး၊  ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု  တည်ဆောက်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေး စသည့်လုပ်ငန်းစဉ်များတွင်ပိုမိုပူးပေါင်း ဆောင်ရွက်ပေးကြ ရန်   ပန်ကြားအပ်ပါ ကြောင်း ပြောကြားသည်။

ရာသီမရွေးသွားလာနိုင်မည်

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်  ဒေါက်တာမြင့်နိုင်က   ချင်းတွင်းမြစ်ကူး  (ဟုမ္မလင်း)  တံတား တည်ဆောက်ဖွင့်လှစ်နိုင်သည့်အတွက် ဟုမ္မလင်းတစ်ဖက်ကမ်းရှိ  ကျေးရွာများအပါအဝင်ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ တမူးမြို့နယ်မှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ ကလေး၊ ကလေးဝမြို့နယ်သို့လည်း ကောင်း ရာသီမရွေး ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ပြီး  ကုန်ထုတ်လုပ်မှု လုပ်ငန်း များ၊   ကုန်သွယ်စီးပွားလုပ်ငန်းများ တိုးတက်ကာ    စီးပွားရေး၊   ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလာမည်ဖြစ် ကြောင်း၊ အလားတူ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ အနေဖြင့်လည်း  ချင်းတွင်းတံတား (ဟုမ္မလင်း)အား ဖြတ်သန်းပြီး ကက်သာ-အောင်ဇေယျ-တမူးလမ်းမှတစ်ဆင့် အိန္ဒိယ နိုင်ငံ  မိုးရေးမြို့အထိ  ရာသီမရွေး သွားလာနိုင် မည်ဖြစ်ပြီး နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများ ဆောင်ရွက်လာနိုင်မည့် လမ်းကြောင်းတစ်ခုအနေဖြင့်  ပွင့်လင်း လာမည်ဖြစ်ကြောင်း၊  ထို့ပြင်  နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် စစ်ကိုင်း တိုင်း ဒေသကြီး  အထက်ပိုင်းဒေသများ အတွက်  အရေးပါသည့်  သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခ္တီး  မိုင်    ၃၃၀ ကျော်  လမ်းမကြီးအား    ရာသီမရွေး သွားလာနိုင်သည့်  လမ်းမကြီးဖြစ်ရန် တိုင်းဒေသကြီးအစိုးရ    ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ပေး နေ ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တံတားတည် ဆောက်ခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက   ချင်းတွင်းတံတား (ဟုမ္မလင်း)   တည်ဆောက်ပေးမှုနှင့်ပတ်သက်၍      ကျေးဇူးတင် စကား ပြောကြားသည်။

ထို့နောက် ချင်းတွင်းတံတား (ဟုမ္မလင်း)အား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊  စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးကျော်လင်း၊    တိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်း ညွန့်ဝင်း၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး    ဒေါ်နန်းမွှေးမွှေးခင်၊    ပြည်သှူ လွှတ်တော်ကိုယ်စားလှယ်    ဦးမျိုးညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေးတို့က    ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး     မှတ်တမ်းတင်    ဓာတ်ပုံရိုက် ကြ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်    ဒေါက်တာ မြင့်နိုင် နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း တို့က ချင်းတွင်းတံတား (ဟုမ္မလင်း) ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို  စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး    အမွှေး နံ့သာရည် ပက်ဖျန်းပေးကြသည်။

ဆောက်လုပ်ရေး  ဝန်ကြီးဌာန တံတားအထူးအဖွဲ့ (၂) မှ  တည်ဆောက် ခဲ့သော  ချင်းတွင်းတံတား  (ဟုမ္မလင်း)သည်    ဟုမ္မလင်းမြို့နယ်  တမူး-အောင်ဇေယျ  -  ကက်သာ  -  ဟုမ္မလင်း လမ်းမပေါ်တွင် တည်ရှိပြီး ဟုမ္မလင်းမြို့နှင့် ချင်းတွင်းမြစ်   အနောက်ဘက်ခြမ်းရှိ ကက်သာကျေးရွာတို့ ဆက်သွယ်ထားကာ အလျား  ၁၇၆၂  ဒသမ  ၆  ပေ၊  အကျယ်  ၂၈ ပေရှိပြီး တစ်ဖက်လျှင် သုံးပေအကျယ် ရှိ  လူသွားလမ်း      နှစ်လမ်းပါရှိသည့် သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ်၊ သံမဏိ သံပေါင်တံတားအမျိုးအစား ဖြစ်ကြောင်း သိရသည်။

ကုန်စည်များလျင်မြန်စွာ စီးဆင်း

အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ဟုမ္မလင်း)အား တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ချင်းတွင်း အောက်ပိုင်းဒေသများ ဟုမ္မလင်းမြို့နယ်မှတစ်ဆင့် ချင်းတွင်းအနောက်ခြမ်းရှိ အိန္ဒိယနိုင်ငံနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်မြို့ဖြစ်သော တမူးမြို့နယ်နှင့် ကုန်စည်များ လျင်မြန်စွာ စီးဆင်းနိုင်တော့ မည်ဖြစ်ကြောင်း  သိရ သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊        တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဒေါက်တာမြင့်နိုင်နှင့်  ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် ဟုမ္မလင်း လေဆိပ်မှ  တပ်မတော်ရဟတ်ယာဉ်ဖြင့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပမည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့သို့ ရောက်ရှိကြရာလွှတ်တော်ကိုယ်စားလှယ်များ၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ  ဦးကေဆိုင်းနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ နာဂ မျိုးနွယ်စု တိုင်းရင်းသား ခေါင်းဆောင်များ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ   တာဝန်ရှိသူများ နှင့်  ဒေသခံ ပြည်သူများက ကြိုဆိုကြသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊      တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများသည်    လေရှီးမြို့ရှိ   ထေရဝါဒဗုဒ ̈ သာသနာပြု(ဗဟို) ကျောင်းတွင် ကျင်းပ ပြုလုပ် သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အလှူတော်မင်္ဂလာ      အခမ်းအနားသို့ တက်ရောက်သည်။

သွားရောက်လေ့လာ

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများသည်    ထေရဝါဒ  ဗုဒသာသနာပြု (ဗဟို) ကျောင်း  လက်ထောက်ဆရာတော် ဘဒန္တအဂ္ဂဓဇထံမှ ငါးပါးသီလ ခံယူတည်ဆောက်ကာ တောင်တန်းသာသနာပြုဆရာတော်ကြီးများနှင့် သီလရှင် ဆရာလေးတို့အား  လှူဖွယ် ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လေရှီးမြို့ပေါ်တွင် တည်ဆောက် ထားသည့် နာဂတိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာအိမ်များသို့ သွားရောက်လေ့လာကြပြီး မျိုးနွယ်စုခေါင်းဆောင်များနှင့် စုပေါင်း ဓာတ်ပုံရိုက်သည်။ 

Similar News