ဂျပန်ဘုရင်မင်းမြတ်၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် နိုဝင်ဘာ ၃၀

ဂျပန်ဘုရင်မင်းမြတ်၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ည ၆ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်နတ်မောက်လမ်း အမှတ်(၈၀) ရှိ ဂျပန်သံအမတ်ကြီးနေအိမ်၌ ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဇနီးဒေါ်မေယဉ်ထွန်းတို့ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဂျပန်နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro Maruyama က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဂုဏ်ပြုအမှာစကား ပြောကြားသည်။


ယင်းနောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။


အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

 

Similar News