၂၀၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်

လေရှီး  ဇန်နဝါရီ   ၁၅

၂၀၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ အမှုထမ်း ရပ်ကွက်ရှိ ရိုးရာကွင်း၌ ကျင်းပရာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးကျော်တင့် ဆွေ တက်ရောက်သည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊      နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး    ဗိုလ်ချုပ ်သန်းထွဋ်၊  သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးကျော်လင်း၊ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ  ဦးကေဆိုင်း နှင့်    တာဝန်ရှိသူများ၊      နာဂမျိုးနွယ်စုတိုင်းရင်းသား ခေါင်းဆောင်များ၊    နာဂ ရိုးရာ စာပေနှင့် ယဉ်ကျေးမှု  (ဗဟို)မှ  တာဝန်ရှိသူများ၊ ဒေသခံပြည်သူ များနှင့်  ပြည်တွင်း၊  ပြည်ပ ခရီးသွားဧည့်သည်များ တက်ရောက်ကြသည်။   

ရှေးဦးစွာ အခမ်းအနားကို  နိုင်ငံတော်အလံ အလေးပြု၍ ဖွင့်လှစ်ပြီး အခမ်းအနား သဘာပတိ  နာဂတိုင်းရင်းသား  ဦးအောင်ဝင်းက    အမှာစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က  နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ယနေ့သည်  နာဂတိုင်းရင်းသားများ၏  ၂၀၁၉ ခုနှစ် ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်ပါကြောင်း၊  ယခုကဲ့သို့ နေ့ထူးနေ့မြတ်တွင် နာဂတိုင်းရင်းသားများ နှင့်တကွ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော ပြည်ထောင်စု ဖွားတိုင်းရင်းသားအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေဟု ဆုတောင်းမေတ္တာပို့သရင်း    ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါ ကြောင်း။

ယခုနှစ်ကျင်းပပြုလုပ်သော နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို တက်ရောက်ခွင့်ရသည့်အတွက်   လွန်စွာ ဝမ်းမြောက်ဝမ်းသာဖြစ်မိသည်ကိုလည်း  ပြောကြားလို ပါကြောင်း။

 လယ်ယာလုပ်ငန်းခွင်မဝင်မီ ကျင်းပ

နာဂတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို မိရိုးဖလာတောင်ယာလုပ်ငန်းခွင် နှင့် လယ်ယာ လုပ်ငန်းခွင်များမှ  ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီး သည့်နောက် နှစ်သစ် တောင်ယာနှင့်လယ်ယာ လုပ်ငန်းခွင် မဝင်မီ  ကျင်းပသည်ကို  သိရှိရ ပါကြောင်း။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ယခင်က နှစ်စဉ်ကျေးရွာအလိုက် ကျင်းပခဲ့ပြီး ၁၉၅၆-၁၉၅၇  ခုနှစ်တွင် နာဂတိုင်းရင်းသားအကြီးအကဲများ၏ ဦးဆောင်မှု နှင့် မြို့နယ်အဆင့် နှစ်သစ်ကူး ပွဲတော် များကို ကျင်းပခဲ့ပါကြောင်း၊ ၁၉၉၀ပြည့်နှစ်တွင်  နာဂမျိုးနွယ်စု အကြီးအကဲများ၏  ညှိနှိုင်းတိုင်ပင်မှုဖြင့် ဇန်နဝါရီ ၁၅ ရက်ကို နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါ ကြောင်း။

၁၉၉၃ ခုနှစ်မှစပြီး နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နိုင်ငံတော်၏ ပံ့ပိုး ကူညီမှုဖြင့်  ကျင်းပခဲ့ပါကြောင်း၊၂၀ဝ၁ ခုနှစ်မှစပြီး နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကို  နိုင်ငံတော်အဆင့်အဖြစ် နာဂဒေသ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့များတွင် ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် (၁၉)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း။

နာဂတိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် ယခုပွဲတော်၌ မိမိတို့အချင်းချင်း နှစ်ဟောင်းတွင်တွေ့ ခဲ့ရသော အတွေ့အကြုံများ  ဖလှယ်နိုင်ကြပါစေ၊ နှစ်သစ်မှာ ကြုံတွေ့ရနိုင်သည့် အခက်အခဲ များကို ကြိုတင်ဖြေရှင်းနိုင်မည့် အစီအမံ များကိုလည်း      ချမှတ်နိုင်ကြပါစေဟု ဆန္ဒ ပြုအပ်ပါကြောင်း။

မျိုးနွယ်စုငယ် ၁၀ဝ ကျော်ရှိ

၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ် ွင့်ရ ဒေသ ခြောက်ခုရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင်  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု၊ ရှမ်း ပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်  ဒေသငါးခုရှိပါကြောင်း၊  နာဂလူမျိုးများ၏  သမိုင်းကြောင်းကို လေ့လာရာ၌ မျိုးနွယ်စုကြီးလေးစုနှင့်  မျိုးနွယ်စု ငယ် ၁၀ဝ ကျော်ရှိသည်ဟု သိရပါကြောင်း၊  နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုများ မပျောက်ပျက်စေရန် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ဖွဲ့စည်းထားသည်ကိုလည်း  တွေ့ရပါကြောင်း၊  ယခုကဲ့သို့ နာဂဒေသဖွံ့ ဖြိုးတိုးတက်လာခြင်းသည် နာဂဒေသ၏တည်ငြိမ်အေးချမ်းမှုကို ပြသနေခြင်းဖြစ်ပါကြောင်း၊နိုင်ငံတော်အနေဖြင့်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုးမှုကွာခြားချက် နည်းနိုင်သမျှနည်း စေရန် အလေးထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့်စတင်တာဝန်ယူရသည့်အချိန်မှစပြီးရည်မှန်းချက်(၃)ရပ်ချမှတ်၍ အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိပါကြောင်း၊

အဆိုပါ ရည်မှန်းချက်များမှာ -

(၁)တရားဥပဒေစိုးမိုးရေးနှင့်  ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ ဖြိုးတိုးတက်ရေး၊

(၂)အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်

(၃)ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်ပါကြောင်း။

အစီအမံများချမှတ်

ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးဆိုသည့်  ရည်မှန်းချက်အတိုင်း      ပြည်သူများ၏ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မား လာရေး အတွက်  အစီအမံများ ချမှတ် အကောင်အထည်ဖော်သည့်နေရာတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကဲ့သို့ အလှမ်းဝေးသော နယ်စပ်ဒေသတွင် ရှိသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏  လူမှုစီးပွားဘဝများ  တိုးတက် မြင့်မား လာ ​ေအာင်လ ည်း    ကြိုးစားစီမံ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

ပြည်သူများ  မျှော်မှန်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး အတွက်      လက်ရှိအခြေအနေအရ  အလိုအပ်ဆုံးသော အရာသည်   ပြည်တွင်းငြိမ်းချမ်း ရေး အပြည့်အဝရရှိရေး        ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လက်နက် ကိုင်ပဋိပက္ခများ  မရှိမှသာလျှင်  စစ်မှန် သော  ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိမှသာ တရားဥပဒေစိုးမိုးရေးကို      အပြည့်အဝ ဖော်ဆောင်နိုင်ကြမည် ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိမှလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွား ရေး၊ ကျန်းမာရေး၊  ပညာရေးနှင့်  လမ်းပန်းဆက်သွယ်ရေးဟူသည့်   ကဏ္ဍအသီးသီးမှာ ကောင်းမွန် ချောမွေ့စွာ   စီမံဆောင်ရွက် နိုင်ကြမည်ဖြစ်ပါကြောင်း။

လက်မှတ်ရေးထိုးထားနိုင်

ထိုသို့သော  အကြောင်းအချက်များ ကြောင့်လည်းနှစ်ပေါင်း(၇၀)ကျော် ကြာမြင့်နေ ပြီဖြစ်သည  ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိရန် အတွက်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လမ်းကြောင်းအတိုင်း နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းနှင့် ဖြေရှင်းနိုင်ရန်  တွေ့ဆုံဆွေးနွေးရေးမူကို အခြေခံပြီး  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေး များကို          ကျင်းပလျက်ရှိပါကြောင်း၊ ယခုအခါ  ရလဒ်ကောင်းအဖြစ်  အခြေခံ မူ(၅၁)ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏အစိတ် အပိုင်းနှစ်ခုအဖြစ် လက်မှတ် ရေးထိုးထားနိုင်ပြီ   ဖြစ်ပါကြောင်း။

ဆက်လက်ပြီး အားလုံးပါဝင်ရေးဟူသောသဘောတရားအရNCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်များသာမက NCA လက်မှတ် ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်းများအပါအဝင်  တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု များ ကိုအရှိန်အဟုန်မပျက်   ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။

  အမှန်စင်စစ်  မိမိတို့ပြည်ထောင်စုကြီး  အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲ၍ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုများရှိသည့်  ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာပြီးဒေသတွင်းနိုင်ငံများနှင့် တန်းတူနိုင်ရေး၊ နိုင်ငံတကာမျက်နှာစာတွင်လည်း မိမိတို့နိုင်ငံ၏ပုံရိပ်နှင့် အဆင့်အတန်း ကောင်းမွန်မြင့်မားလာရေးသည်မိမိတို့ ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ စုစည်းညီညွတ်သောအား၊စုပေါင်း အင်အားဖြင့် သာ ကြိုးပမ်းဆောင်ရွက်မှ ရရှိနိုင်မည်ကို အလေးအနက် ပြောကြား လိုပါကြောင်း။

နာဂတိုင်းရင်းသားများ  မှီတင်း နေထိုင်သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည်  ကောင်းမွန်သော  သဘာဝပတ်ဝန်းကျင်၊ တော၊  တောင်၊  ရေမြေ၊ သစ်တော၊စိမ့်စမ်းများနှင့် အလွန်လှပသည့်ဒေသတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ သဘာဝအလှအပများနှင့် နာဂတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများသည်  ပြည်တွင်း ပြည်ပ  ခရီးသွားလုပ်ငန်း  ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်း အဖြစ် ရှိနေပါကြောင်း၊ ခရီးသွားလုပ်ငန်း များကိုအခြေပြုပြီးဒေသတွင်နေထိုင်ကြသည့် တိုင်းရင်းသားများ၏လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာအောင်    ဝိုင်းဝန်းကြိုးပမ်းကြရ မည်ဖြစ်ပါကြောင်း။

ထို့ကြောင့်   နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသကြီး ခေတ်မီဖွံ့ ဖြိုးတိုးတက်ရေး အတွက်  မိမိတို့  နိုင်ငံတော်အစိုးရအနေဖြင့်လည်း  ဆက်လက်ကြိုးပမ်း  ဆောင်ရွက်နေမှာ ဖြစ်သ လို  နာဂတိုင်းရင်းသားများနှင့်တကွ  ဒီဒေသတွင်  လာရောက် တာဝန်ထမ်းရွက်နေကြ သည့် ဝန်ထမ်းများအနေဖြင့်လည်း   ဆက်လက်ပါဝင် ကြိုးပမ်းပေးကြပါဟု တိုက်တွန်း ပါကြောင်း။

ဆုတောင်းမေတ္တာပို့သ

နိဂုံးချုပ်အနေဖြင့်      နာဂတိုင်းရင်းသားများသည်  နိုင်ငံတော်အစိုးရမှ လျှောက် လှမ်း နေသော  ငြိမ်းချမ်းရေး တည်ဆောက်မှုလမ်းကြောင်းပေါ်တွင် အတူ လိုက်ပါနိုင်ကြပါစေ၊ နှစ်ဟောင်းကအတွေ့အကြုံများကို ဖလှယ်ပြီး နှစ်သစ်အတွက် ပိုမိုကောင်းမွန်သော အစီအမံများ  ချမှတ်နိုင်ကြပါ ​စေ၊ နှစ်သစ်တွင် ရာသီဥတု ကောင်းမွန်ပြီး စိုက်ပျိုးသီးနှံ များ ပိုမို တိုးတက်ဖြစ်ထွန်းကြပါစေ၊   ဘေးဘယာဝေးကွာ၍   ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာ ချမ်းသာကြပါစေဟု  ဆုတောင်းမေတ္တာ ပို့သ အပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍  စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်    ဒေါက်တာမြင့်နိုင်က နှုတ်ခွန်းဆက်  အမှာစကား ပြောကြား သည်။

ယင်းနောက်   နာဂရိုးရာစာပေ နှင့်  ယဉ်ကျေးမှု(ဗဟို)ကော်မတီဥက္ကဋ္ဌ ဦးအောင်ထွဋ်က    နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားပြီး ဦးထွန်းနိုင်သူက နာဂရိုးရာနှစ်သစ်ကူး ပွဲတော် ဖြစ်ပေါ် လာပုံသမိုင်းကို     ရှင်းလင်းပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေထံ  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့   ဥက္ကဋ္ဌ ဦးကေဆိုင်းက  နှစ်သစ်ကူးလက်ဆောင် ပေးအပ် သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်  ဒေါက်တာမြင့်နိုင်၊ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများက ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ   ဦးကေဆိုင်းနှင့် တာဝန်ရှိသူများအား ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ ပစ္စည်းများကို ပေးအပ် ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊  တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ဒေသဦးစီး အဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)မှ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။

ထို့နောက် အခမ်းအနားသဘာပတိ နာဂတိုင်းရင်းသားဦးအောင်ဝင်းက နိဂုံးချုပ်အမှာ စကား ပြောကြားပြီး  နာဂမျိုးနွယ်စုများက   ရိုးရာအကများဖြင့် ဖျော်ဖြေ တင်ဆက် ကြသည်။

ရိုးရာပန်တုံးကို တီးခတ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်  အဖွဲ့ဝင်များသည် ဒေသခံများနှင့်အတူ ရိုးရာပန်အဆောက် အအုံအတွင်းရှိ  ရိုးရာပန်တုံးကို  တီးခတ် ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည်  နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်တွင်  ပြသထား သည့် ရက်ကန်းနှင့်  လက်မှုပြခန်း၊    တိုင်းရင်း ဆေးနှင့် ဗေဒင်ပြခန်း၊ဘုံပြခန်းနှင့်ဝန်ကြီးဌာနများ၏ပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှုပြီး  နာဂရိုးရာအကအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ် သည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် မီးပုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) ကော်မတီဥက္ကဋ္ဌ    ဦးအောင်ထွဋ်တို့က နာဂ ရိုးရာနှစ်သစ်ကူးပွဲတော်    မီးပုံပွဲအား မီးထွန်းညှိ ဖွင့်လှစ်ပေးပြီး နာဂမျိုးနွယ်စုအလိုက် အကအဖွဲ့များက ရိုးရာအကများဖြင့်  ဖျော်ဖြေတင်ဆက် ကြသည်။   

Similar News